ကျောက်တလုံးကြီး ဒီဇင်ဘာ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ မဲဆန္ဒရှင်ပြည်သူများပိုမိုသိရှိနိုင်ရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်တလုံးကြီးမြို့ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက် ၉ နာရီမှစတင်၍ ပြသထားကြောင်း သိရသည်။
အဆိုပါ နံရံကပ်စာစောင်တွင် မဲဆန္ဒရှင်ပြည်သူများအတွက် မဲရုံအတွင်း ဆောင်ရွက်ရမည့်အချက်များ၊ မြန်မာ့အီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြု၍ မဲပေးနည်းစနစ်များ၊ မဲဆန္ဒရှင်ပြည်သူများအတွက် ဆောင်ရန်ရှောင်ရန်များ၊ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး လှုံ့ဆော်ချက်များ ပါဝင်ကြောင်း သိရသည်။
ဇော်နိုင်လင်း