ကျောက်တလုံးကြီးမြို့တွင် “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲ လှုံ့ဆော်ရေးလက်ကမ်းစာစောင်များ ဆက်လက်ဖြန့်ဝေ

ကျောက်တလုံးကြီး ဒီဇင်ဘာ ၁၉

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲမေးပိုင်ခွင့်ရှိည့် ပြည်သူများအားလုံး မဲပေးနိုင်ရေးအတွက် “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲလှုံ့ဆော်ရေးလက်ကမ်းစာစောင်များကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ရှိ နောင်ခဲကျေးရွာအုပ်စုများသို့ ယနေ့နံနက်ပိုင်းတွင် သွားရောက်ဖြန့်ဝေလျက်ရှိသည်။

အဆိုပါ လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက လူနေအိမ်များ၊ ဈေးဆိုင်များ၊ လူစည်ကားသည့်နေရာများ၌  ဖြန့်ဝေပေးကြကြောင်းနှင့် “ဒို့အတူတူမဲပေးကြမယ်”  ရွေးကောက်ပွဲလှုံ့ဆော်ရေးလက်ကမ်းစာစောင်တွင် "ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့၊ ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်မရှိပါ” စသောအကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။

ဇော်နိုင်လင်း