မင်းတပ်မြို့၌ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ

မင်းတပ်         ဇန်နဝါရီ        ၂

(၇၃) နှစ်မြောက်လွတ်လပ်ရေးနေ့အကြိုအနေဖြင့် နှာခေါင်းစည်းများနှင့် လက်ကမ်းစာစောင်များကို မင်းတပ်မြို့ ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများက ယနေ့ နံနက် ၈ နာရီတွင် မင်းတပ်မြို့ မြို့မစျေးရှေ့၌ အခမဲ့ဖြန့်ဝေပေးလျက်ရှိသည်။

မင်းတပ်မြို့ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက  ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း ဒေသခံပြည်သူများ အပြင်ထွက်ပါက နှာခေါင်းစည်းများတပ်ဆင်ကြရန်နှင့် ကိုဗစ်-၁၉ ရောဂါအသိပညာပေး လက်ကမ်း စာစောင်များကို သိရှိကြရန်ရည်ရွယ်၍ အခမဲ့ဖြန့်ဝေ ရခြင်းဖြစ်ကြောင်း နှာခေါင်းစည်းများနှင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာလက်ကမ်းစာစောင်များကို လမ်းသွားလမ်းလာများနှင့် စျေးဝယ်လာပြည်သူများ၊ စျေးအတွင်း ရောင်းချနေသည့် စျေးသယ်များကို အခမဲ့ဖြန့်ဝေပေးခဲ့ပြီး အသိပညာ များပေးလျက်ရှိကြောင်း သိရသည်။

KSM(မင်းတပ်)