တန့်ယန်း ဒီဇင်ဘာ ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၏ (၇၅) နှစ်မြောက် စိန်ရတုပွဲတော် ကျင်းပနိုင်ရန် အကြိုဆွေးနွေးညှိနှိုင်းပွဲကို ဒီဇင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အကြိုဆွေးနွေးညှိနှိုင်းပွဲတွင် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးဇော်မွန်းက အဖွင့်အမှာစကား ပြောကြားပြီး ကျောင်းအကျိုးဆောင် ဒေါ်နန်းပွဲလူ၊ ဒေါ်ခင်မြသီ၊ ဒေါ်နန်းမြင့်ရီ၊ ဦးစိုင်းရွှေလှ၊ ဦးစိုင်းဖိုးဟန်နှင့် ကျောင်းသား/ ကျောင်းသူဟောင်းများက ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)