ကျောက်မဲ ဇန်နဝါရီ ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ အထက ၂ ကျောင်းတွင် တာဝန်ထမ်းဆောင် ခဲ့သည့် အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများ၏ ကျန်းမာရေးကို စောင့်ရှောက်မှုပေးနိုင်ရန်နှင့် ကိုဗစ်-၁၉ ကောဂါ ကာလအတွင်း အဆင်ပြေစေရန်အတွက် ရည်ရွယ်၍ အထက ၂ကျောင်းသား /ကျောင်းသူ ဟောင်းများနှင့် မျိုးဆက်သစ် ကျောင်းသား/ကျောင်းသူများတို့က အာစရိယ ပူဇော်ပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီ အချိန်က ကျောက်မဲမြို့၊ အဆင့်မြင့်သက်ကြီးစောင့်ရှောက်ရေး စင်တာ ခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
အထက ၂ ကျောင်းတွင် တာဝန်ထမ်းဆောင်ခဲ့သည့် အငြိမ်းစား ဆရာကြီး၊ ဆရာမကြီး စုစုပေါင်း ၉၄ ဦးရှိပြီး အသက် ၇၀ နှစ်နှင့်အထက်ဆရာကြီး ဆရာမကြီးတို့အားတစ်ဦးလျှင် ကန်တော့ငွေ ၆၀၀၀၀ ကျပ်၊ဆန်တစ်အိတ်၊ ဆီ၊ ဆေးနှင့်ဆား ကိုလည်းကောင်း၊ အသက် ၆၀ နှစ်နှင့် အသက် ၇၀ နှစ်ကြားဆရာကြီးဆရာမကြီးတို့အား ကန်တော့ငွေ ၅၀၀၀၀ ကျပ်၊ ဆန်တစ်အိတ်၊ ဆီ၊ ဆေးနှင့် ဆားတို့ကိုလည်းကောင်း အသီးသီးပေးအပ် လှူဒါန်းပူဇော် ကန်တော့ခဲ့ကြပြီးအာစရိယ ပူဇော်ပွဲသို့ မတက်ရောက်နိုင်သည့် ရပ်ဝေးရောက် ဆရာကြီး၊ ဆရာမကြီးများအတွက် အိမ်တိုင်ရာရောက် သွားရောက် ပူဇော်လှူဒါန်း သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆရာကြီး၊ ဆရာမကြီး အားလုံးအတွက် ဆန်များကို ကျောင်းသားဟောင်းဖြစ်သည့် ဦးစိုင်းသန်းမောင်(ကျားငါးကောင် ဆေးတိုက်မှ )လှူဒါန်းပေးခဲခြင်းဖြစ်ပြီး၊ ဆီ၊ ဆား၊ ဆေး တို့ကို ၁၉၉၆-၉၇ ကျောင်းသားဟောင်းများက စသည်တို့ကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)