ဒေးဒရဲ ဒီဇင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အခြေခံပညာအလယ်တန်းကျောင်းများရှိ အသက်(၁၈)နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့မွန်းလွဲ (၂) နာရီက အမှတ်(၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းရှိ ကရဝိက်ခန်းမ၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများရရှိရေး ဆောင်ရွက် ပေးခြင်းဖြင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ အသက် (၁၈) နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသော်လည်း နိုင်ငံသားကတ်ကိုင်ဆောင်ထားခြင်းမရှိသည့် ကျောင်းသား၊ ကျောင်းသူများ၊ ဆန္ဒမဲပေးခွင့် မဆုံးရှုံးစေရန်ရည်ရွယ်၍ ကျေးရွာအုပ်စုများရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းကျောင်းများရှိ အသက် (၁၈) နှစ်ပြည့်ပြီး ကျောင်းသား၊ ကျောင်းသူများအား အမှတ် (၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းကရဝိက်ခန်းမ၌ စုရပ်ပြုလုပ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး အဆိုပါနိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ပေးရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့်အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး လိုအပ်ချက်များအား ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အေဇာလင်း