မြောင်းမြ ဒီဇင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ကြည်ကြည်ထွန်းနှင့်တာဝန်ရှိသူများက အိမ်မဲမြို့တွင် အမျိုးသမီးရေးရာအဖွဲ့မှ အသေးစားချေးငွေထုတ်ချေးထားသောလုပ်ငန်းများ တိုးတက်မှုအခြေအနေအား ကြည့်ရှုရန်ကျေးရွာများ၌ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းကစတင်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ကြည်ကြည်ထွန်း၊ ဥက္ကဋ္ဌ ဒေါ်မိုးသူတင့်နှင့်အဖွဲ့ဝင်များ၊ မြောင်းမြခရိုင်နှင့်မြို့နယ်များမှ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက အသေးစားချေးငွေထုတ်ချေးထားသော အိမ်မဲမြို့နယ်၊ ပါရမီဒေါင့် ကျေးရွာ အုပ်စုနှင့် လေးအိမ်တန်းကျေးရွာအုပ်စုရှိ ပန်းစိုက်ခင်း၌လည်းကောင်း၊ တရုတ်ပိုင်းကျေးရွာအုပ်စုရှိ ငါးချဉ်လုပ်ငန်း၊ ကောက်ညှင်းကျဉ်တောင့်လုပ်ငန်းနှင့် ငါးခြောက်လုပ်ငန်းများ၌လည်းကောင်း ဒေသခံလုပ်ငန်းရှင်ပြည်သူများနှင့်တွေ့ဆုံကာ လုပ်ငန်းဆောင်ရွက်မှုများအား ကွင်းဆင်း ကြည့်ရှုအားပေး၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇေယျာ(မြောင်းမြ)