မိုင်းဖြတ် ဇန်နဝါရီ ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ရေး ဦးစီးဌာနမှ ဇန်နဝါရီလ ၄ရက်နေ့တွင်ကျရောက်မည့် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆို ဂုဏ်ပြုသော အားဖြင့် “သတင်းစကား” လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ဇန်နဝါရီလ ၂ရက်နေ့ နံနက် ၇နာရီခွဲက ယာယီ ပျံကျစျေးတွင် လိုက်လံဖြန့်ဝေပေးခဲ့သည်။
ထိုသို့ ဖြန့်ဝေပေးရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရှော လမွန်နှင့် ဝန်ထမ်းများက ယာယီပျံကျစျေးနှင့် ပြည်ထောင်စုလမ်းမကြီးဘေးတို့ရှိ စျေးရောင်းစျေး ဝယ်များ၊ တက်စီဂိတ် များတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ထုတ်ဝေသည့် (၇၃)နှစ် မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် “သတင်းစကား” လက်ကမ်းစာစောင်များကို ဖြန့်ဝေ ပေးခဲ့ ကြောင်း သိရသည်။
သန်းထွန်းအေး (ပြန်/ဆက်)