၂၀၂၅ ခုနှစ်၊ ကယားပြည်နယ် ဒီဇင်ဘာလူထုအားကစားလ (တတိယရက်သတ္တပတ်) စုပေါင်းလမ်းလျှောက်ပွဲကျင်းပ

လွိုင်ကော် ဒီဇင်ဘာ ၂၀

ကယားပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ပြည်သူများ ကျန်းမာကြံ့ခိုင်သောနေ့စဉ်လူမှုဘဝများကို ပိုင်ဆိုင်နိုင်ရန် ဒီဇင်ဘာလူထုအားကစားလ (တတိယရက်သတ္တပတ်) စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်ကလွိုင်ကော်မြို့၊ ကန္ဒာဟေဝန်ပန်းခြံ၊ ကျောက်သားရင်ပြင်တွင် စုရပ်ပြုလုပ် ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာများမှ ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ဆင်နွှဲကြကြောင်း သိရသည်။

လူထုလမ်းလျှောက်ပွဲတွင် ပါဝင်ဆင်နွှဲသူအားလုံးက ကန္ဒာဟေဝန်ပန်းခြံ၊ ကျောက်သားရင်ပြင် မှစတင်ထွက်ခွာပြီး မြို့လယ်နာရီစင်မှ ကန္ဒရဝတီလမ်းမကြီးတစ်လျှောက် ဘီလူးချောင်းတံတား (ရှမ်းပိုင်း) ရှုခင်းသာပန်းခြံမှ လောပိတလမ်းမကြီးတစ်လျှောက် ဒေါနိုးကူးတံတားတို့အား ဖြတ်သန်း လမ်းလျှောက်ခဲ့ကြပြီး ကန္ဒာဟေဝန်ပန်းခြံ ကျောက်သားရင်ပြင်၌ ပြန်လည်စုစည်းကြသည်။ ဆက်လက်၍ အားကစားနှင့် ကာယပညာသိပ္ပံ(လွိုင်ကော်) ဝန်ထမ်းများက ကိုယ်လက်လှုပ်ရှားမှု သွေးပူလေ့ကျင့်ခန်း အတွဲ() အတွဲ()နှင့် Fitness Dance အဖွဲ့များ၏ သရုပ်ပြသမှုများကို ပါဝင်ဆင်နွှဲသူအားလုံးက အတူတကွ စိတ်လက်ပျော်ရွှင်စွာ လိုက်ပါဆောင်ရွက်ခဲ့ကြပြီး ပြည်နယ် အစိုးရအဖွဲ့က လူထုလမ်းလျှောက်ပွဲတွင် ပါဝင်ဆင်နွှဲကြသူအားလုံးကို နံနက်စာမုန့်များကျွေးမွေး ခဲ့သည်။

လူထုလမ်းလျှောက်ပွဲအား ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ရပ်ကွက်/ကျေးရွာ အသီးသီးမှ ဒေသခံတိုင်းရင်းသားပြည်သူအင်အား ၂၅၀၀ ကျော်တို့က ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြကြောင်းသိရသည်။

ပြည်နယ်(ပြန်/ဆက်)