ဟိုပုံး ဇန်နဝါရီ ၂
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နယ်စပ် ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် (၁၉၁.၆၄၇) သန်းဖြင့် ဆီဆိုင် မြို့နယ်၊ နားခိုက်/ နားသံ ကျေးရွာအုပ်စု၊ လပ်တိုင်-ပန်အွန်း ကျောက်လမ်း (၇/၀)မိုင်အနက် (၄/၀) မိုင် ကျောက်ခင်းပြီးကျန် (၃/၀) မိုင်မှ (၁/၄) မိုင်အား ကျောက်ခင်းခြင်း လုပ်ငန်းစတင် ဆောင်ရွက်လျက် ရှိရာ ဆီဆိုင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခွန်မောင်ပယ်၊ မြို့နယ် တည်ဆောက်ရေးနှင့် အရည်အသွေးစစ်ဆေးရေး ကော်မတီဝင်များ၊ ဟိုပုံးမြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ် ရေးရုံးမှ တာဝန်ရှိသူများသည် လုပ်ငန်းအချိန်မီပြီးစီးရေးနှင့် အရည်အသွေး ကောင်းမွန်ရေးအတွက် ဒီဇင်ဘာ ၂၂ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ရာ ကျောက်ခင်းခြင်း လုပ်ငန်း (၁/၄) မိုင် အနက် (၀/၂) မိုင်ပြီးစီးပြီ ဖြစ်ပါသည်။
အဆိုပါ ကျောက်လမ်း (၇/၀) မိုင်အား ကျောက်ခင်းခြင်း လုပ်ငန်းပြီးစီးပါ ဆီဆိုင်မြို့နယ် တစ်ခု လုံးနှင့် ဟိုပုံးမြို့နယ်၊ ပင်လောင်းမြို့နယ်၊ တောင်ကြီးမြို့နယ်များသို့ သွားလာရန် ယခင်က ထက် ပိုမို လွယ်ကူမှုရှိပြီး ဒေသတွင်း လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာကြောင်း ကျေးရွာ အုပ်စု (၂) အုပ်စု၊ ကျေးရွာ(၉)ရွာ၊ အိမ်ခြေ(၁၃၁၁)အိမ်၊ အိမ်ထောင်စု(၁၃၃၈)စု၊ လူဦးရေ (၅၁၅၈) ဦးခန့်၏ စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေးကဏ္ဍများ ယခင်က ထက်ပိုမိုဖွံ့ဖြိုးတိုးတက် လာမည် ဖြစ်ပြီး ယင်းဒေသရှိ တောင်ယာစိုက်ပျိုးသည့် တောင်သူများအနေဖြင့်လည်း မိမိဒေသ ထွက်ကုန် များအား ဈေးကွက်သို့အချိန်တိုအတွင်း အလွယ်တ ကူတင်ပို့ရောင်းချနိုင်ပြီး ဝင်ငွေမြင့်မား လာကာ လူမှုစီးပွားဘဝများ တိုးတက်လာမည် ဖြစ်သည့်အပြင် မြို့ပြနှင့်ကျေးလက် ဖွံ့ဖြိုးတိုးတက်မှု သည်လည်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာခြင်းကြောင့် အချိန်တိုအတွင်း တိုးတက်ပြောင်း လဲလာမည်ဖြစ်ကြောင်းသိရသည်။
နေမင်းထွန်း (ဟိုပုံး)