ညောင်ဦး ဒီဇင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ဒီဇင်ဘာ (၁၈)ရက်မှစ၍ ကြိုတင်ဆန္ဒမဲပေးခြင်းများ စတင်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀)နာရီအချိန်က ကြိုတင်ဆန္ဒမဲပေးလျက်ရှိသည့် အမှတ်(၆)၊ တက်သိမ်းရပ်ကွက်သို့ ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် ကော်မတီဝင်များ သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် ကော်မတီဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ လိုက်ပါလျှက် အမှတ်(၆) တက်သိမ်းရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေးနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဒီပါလင်း