မြင်းခြံ ဒီဇင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ အခြေခံစာကြည့်တိုက်ပညာသင်တန်းကို ယနေ့ နံနက် (၁၀) နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့က စာကြည့်တိုက်စီမံခန့်ခွဲရေးအကြောင်း၊ စာကြည့်တိုက်ပုံမှန်စစ်ဆေးခြင်းအကြောင်း၊ စာကြည့်တိုက်ပညာရပ်များအား သင်ကြားပို့ချခဲ့သည်။
အဆိုပါသင်တန်းတွင် မြင်းခြံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ/ ဆရာမ ၃၄ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ချစ်ဦးနွေ