ကန်ကြီးထောင့်မြို့နယ်၌ ၂၇၆၅ ခုနှစ်၊ မြို့နယ်အဆင့် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် အခမ်းအနားကျင်းပ

ကန်ကြီးထောင့် ဒီဇင်ဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ၂၇၆၅ ခုနှစ်၊ မြို့နယ်အဆင့် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျုံဒရယ်ကျေးရွာအုပ်စု၊ ၁၀၈ တောင်သာသနာ့နယ်မြေတွင် ကျင်းပပြုလုပ်ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးရည်မွန်နှင့် အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး စောအောင်သိုက်၊  မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသများ၊ ကရင်တိုင်းသား၊ တိုင်းရင်းသူများက တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ၁၀၈ တောင် ဆရာတော်၊ စကောကရင် သိက္ခာတော်ရဆရာတော်နှင့် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးရည်မွန်တို့က နှစ်သစ်ဆုတောင်းစကားများအား ပြောကြားခဲ့ကြပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်အောင်က ကရင်အမျိုးသား နှစ်သစ်ကူး သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင် ဗိုလ်မှူးရဲနိုင်လွင်က နှစ်သစ်အမှတ်တရ ဂုဏ်ပြုစကားအားပြောကြားခဲ့ပြီး ကရင်အမျိုးနေ့ဖြစ်ပေါ်လာပုံနှင့် ကရင်အလံတော်အကြောင်းကို စကောကရင်၊ ပိုးကရင်နှင့် မြန်မာဘာသာတို့ဖြင့် ပြောကြားခဲ့ကြသည်။ ဆက်လက်၍ ၁၀၈ တောင် ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းလွင်အောင်မှ ကျေးဇူးတင်စကားများပြောကြားခဲ့ပြီး အမှတ်တရစုပေါင်းမှတ်တမ်းဓာတ်ပုံများအား ရိုက်ကူးခဲ့ကြသည်။

ထို့နောက် ကောက်သစ်စားပွဲနှင့် ဖျော်ဖြေရေးအစီအစဉ်များကို ဆက်လက်ကျင်းပခဲ့ကြသည်။ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု အသီးသီးများမှ ကရင်တိုင်းရင်းသား/သူများက ကရင်အမျိုးသား အလံတော်တင်၊ အလေးပြုခြင်း အခမ်းအနားအား လည်းကောင်း၊ ကရင်အမျိုးသားနှစ်သစ် ကူးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ၊ ကာယ/ဉာဏ စွမ်းရည်ပြိုင်ပွဲများနှင့် စတုဒိသာများ ဧည့်ခံခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)