ကျောက်ဆည် ဇန်နဝါရီ ၂
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံးကြီးသို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူရှင်များက ယနေ့နံနက် (၁၀) နာရီက အလှူငွေများနှင့် ဆန်အိတ်ပိုင်းများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
အလှူငွေများကို အလှူရှင် ဦးအောင်ဇော်ဦး+ဒေါ်ခင်သက်နွယ်အောင် မိသားစုမှ ငွေကျပ်(၁)သိန်း၊ ပေါက်တော ရပ်ကွက်မှ မအိအိသိန်းနှင့်သူငယ်ချင်းများမှ အလှူငွေကျပ်(၂)သိန်း၊ အရှေ့သပြေသာ ကျေးရွာမှ ဒေါ်အေးတင် (မိသားစု) မှ တစ်တင်းခွဲ ဆန်အိတ်ပိုင်း (၁၂) ပိုင်းတို့ကို ပေးအပ်လှူဒါန်း ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အလှူငွေများနှင့် ဆန်များကို ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်နှင့် တာဝန်ရှိသူတို့က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
သက်မောင် (ကျောက်ဆည်)