ဟင်္သာတ ဒီဇင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့သူနာပြုသင်တန်းကျောင်း၌ အဋ္ဌမအကြိမ်မြောက် သူနာပြု-သားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနားကို ယမန်နေ့ နေ့လည် ၂ နာရီချိန်က အဆိုပါကျောင်းရှိ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့်အမှားစကား ပြောကြားခဲ့သည်။ ထို့နောက် သက်ဆိုင်ရာတာဝန်ရှိသူများမှ သူနာပြု-သားဖွားဒီ ပလိုမာသင်တန်း၏ သင်တန်းသား/သူများအား သူနာပြု-သားဖွားဒီပလိုမာအောင်လက်မှတ်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက သူနာပြု-သားဖွားဒီပလိုမာသင်တန်း၏ သင်တန်းသူများနှင့် မိဘများအားတွေ့ဆုံနှုတ်ဆက် အားပေးစကားပြောကြားခြင်းနှင့် တက်ရောက်လာသူများ၊ သင်တန်းဆင်းများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ဟင်္သာတခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့်အဖွဲ့ဝင်များ၊ ဟင်္သာတမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့်အဖွဲ့ဝင်များ၊ သူနာပြုသင်တန်းကျောင်း(ဟင်္သာတ)မှ ကျောင်းအုပ်ကြီး ဒေါ်ဝေဝေလွင်နှင့် သင်ကြားရေးဆရာမများ၊ သင်တန်းသူများ စုစုပေါင်း(၃၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်/ပြန်ဆက်(ဟင်္သာတ)