မန္တလေး ဇန်နဝါရီ ၂
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌနနှင့် မြန်မာနိုင်ငံဆရာဝန်များအသင်း တို့ပူးပေါင်းဖွင့်လှစ်သော စေတနာ့ဝန်ထမ်း သင်တန်းဖွင့်ပွဲအခမ်းအနား ကို ယနေ့နံနက် ၉နာရီကမန္တလေး၊ အောင်မြေသာစံမြို့နယ်၊ မဟာဇေယျာဘုံရပ်ကွက်၊ အကွက်(၇၉၈)၊ ၂၆လမ်း၊ ၅၈လမ်းနှင့်၅၉လမ်းကြားရှိ မသန်စွမ်းသက်ငယ်သင်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြန်မာနိင်ငံဆရာဝန်များအသင်းမှမန္တလေးတိုင်းဒေသကြီး ဒုတိယဥက္ကဋ္ဌဒေါက်တာ ခင်မောင်ကျော်က သင်တန်းဖွင့် အမှာစကားပြောကြားပြီး၊ မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်မင်းက သင်တန်းဖွင့်လှစ်ရခြင်း အကြောင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက်ဒေါက်တာခင်မောင်ကျော်နှင့်သင်တန်းနည်းပြဆရာဝန်များက Covid-19 ရောဂါကာလအတွင်း ဦးတည်အုပ်စုအလိုက် ဝန်ဆောင်မှုပေးခြင်း၊ ရောဂါကာကွယ်ခြင်းနည်းလမ်း၊ ပတ်ဝန်းကျင် သန့်ရှင်းရေး အကြောင်း စသည့်ခေါင်းစဉ်များဖြင့် သင်တန်းပို့ချ ပေးကြသည်။
အဆိုပါသင်တန်းသို့ မြို့နယ်အတွင်းရှိ Quarantine Center များတွင် တာဝန်ထမ်းဆောင်မည့် လူငယ် ရေးရာကော်မတီအဖွဲ့ဝင်(၂၀)ဦး၊ ချမ်းမြသုခလူမှုကူညီရေးအသင်းမှ စေတနာ့ဝန်ထမ်း volunteers (၆)ဦး စုစုပေါင်းသင်တန်းသား(၂၆)ဦးတို့တက်ရောက်ကြကြောင်းသိရသည်။
ဇော်လင်းဦး(အောင်စံ)