ဖယ်ခုံ ဇန်နဝါရီ ၂
ရှမ်းပြည်နယ် (တောင်ပိုင်း) ဖယ်ခုံမြို့၊ ဈေးတန်းရပ်ကွက် သျှာမ်းတောင်တန်း ပရဟိတ လူမှုရေးအသင်း အတွက် အလှူငွေပေးအပ်ပွဲကို ယမန်နေ့က ဖယ်ခုံမြို့ သျှာမ်းစာပေနှင့် ယဉ်ကျေးမှုဓမ္မာရုံတွင် ကျင်းပသည်။
“သျှာမ်းတောင်တန်း ပရဟိတလူမှုရေးအသင်း ရေရှည်ရပ်တည်ဖို့အတွက် ရန်ပုံငွေလိုအပ်တာပေါ့။ အဲဒီတော့ ဖယ်ခုံမြို့ ရွှေဓမ္မရောင်ခြည်လူမှုဖောင်ဒေးရှင်း နာယကဖြစ်တဲ့ ဦးစိုင်း၀င်းဦးက မိသားစုအနေနဲ့ လဲလှူမယ်၊ ဖောင်ဒေးရှင်းကနေလဲလှူမယ်ဆိုပြီးတော့ အခုလိုလှူဖြစ်သွားတာပါ ဟု ရွှေဓမ္မရောင်ခြည် လူမှုဖောင်ဒေးရှင်း တွဲဘက်အတွင်းရေးမှူး ဦး၀င်းဦးက ပြောသည်။
အလှူငွေများ ပေးအပ်လှူဒါန်းရာတွင် ဖယ်ခုံမြို့ ရွှေဓမ္မရောင်ခြည်လူမှု ဖောင်ဒေးရှင်းနာယက၊ တောင်ကြီး မြို့ စ၀်စံထွန်းရပ်ကွက်နေ ဦးစိုင်း၀င်းဦး+ဒေါ်ပန်းလုံ (ဖယ်ခုံ) မိသားစုတို့မှ အလှူငွေကျပ် ငါးသိန်း၊ ရွှေဓမ္မ ရောင်ခြည် လူမှုဖောင်ဒေးရှင်းနှင့် သျှာမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီမှ အလှူငွေကျပ် ၁၅ သိန်း မတည်လှူဒါန်းခဲ့ကြပြီး ဆက်လက်၍ သျှာမ်းလူငယ်မောင်မယ် တီးဝိုင်းအတွက် အလှူငွေကျပ် ၁၀ သိန်း တို့ကို တာ၀န်ရှိသူများက ပေးအပ်လှူဒါန်းခဲ့ကြသည်။
“ရပ်ကွက် ရပ်မိရပ်ဖနဲ့လူငယ်မောင်မယ်များက ဈေးတန်းရပ်ကွက် ပရဟိတလူမှုရေးအသင်းကို တည် ထောင်ခြင် တဲ့ စိတ်ဓာတ်ရှိကြတယ်။ အဲဒီမှာ ရပ်ကွက်ထဲက ဦးစိုင်းချစ်ထွေး+ဒေါ်အေးခင်တို့ မိသားစုကလဲ ကားတစ်စီး လူဒါန်းပေးမယ်ဆိုပြီး ဒီအသင်းလေးကို စတင်တည်ထောင်ဖြစ်တာပါ” ဟု ရပ်မိရပ်ဖ တစ်ဦးက အသင်း တည်ထောင်ရခြင်းနှင့် ပတ်သက်၍ ပြောကြားသည်။
ဈေးတန်းရပ်ကွက် ပရဟိတလူမှုရေးအသင်းကို ၂၀၂၁ ခုနှစ် နှစ်သစ်တွင်စတင်တည်ထောင်ခဲ့ပြီး လူမှုရေး လုပ်ငန်းများကို ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကားအလှူရှင်မိသားစုများ၊ အလှူငွေ လှူဒါန်း ပေးကြ သော မိသားစုများနှင့် အသင်းအဖွဲ့များအားလုံးကို ကျေးဇူးတင်ရှိကြောင်းနှင့် ၀၉၄၂၈၃၅၇၀၂၂၊ ၀၉၅၂၈၁၂၄၈ ဖုန်းနံပါတ်များကိုဆယ်သွယ်နိုင်ပါကြောင်း စသည်ဖြင့် သျှာမ်းတောင်တန်း ပရဟိတအသင်း ဥက္ကဋ္ဌ ဦးစိုင်း ကျော်ရင်က ပြောကြားသည်။
ပေးအပ်လှူဒါန်းပွဲသို့ သျှာမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီနာယက ဦးဒမ္မသာရနှင့် အဖွဲ့၀င်များ၊ ရွှေဓမ္မ ရောင်ခြည် လူမှုဖောင်ဒေးရှင်း ဒုဥက္ကဋ္ဌ ဦးစိုင်မြင့်လွင်နှင့် အဖွဲ့၀င်များ၊ သျှာမ်းတောင်တန်း ပရဟိတ လူမှုရေးသင်း ဥက္ကဋ္ဌ ဦးစိုင်းကျော်ရင်နှင့် အဖွဲ့၀င်များ တက်ရောက်ခဲ့ကြသည်။
မောင်မောင်ထွေး(ပြန်/ဆက်)