ရိခေါ်ဒါရ်၌ ဒေသခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး တွေ့ဆုံညှိနှိုင်းပွဲပြုလုပ်

ရိခေါ်ဒါရ် ဇန်နဝါရီ  ၂

ချင်းပြည်နယ် ဒေသခရီးသွားလုပ်ငန်းကော်မတီ၏ စီစဉ်ဦးဆောင်မှုဖြင့် ရိဒေသခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုး တက်ရေး တွေ့ဆုံညှိနှိုင်းပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ရိခေါ်ဒါရ်မြို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

အခမ်းအနားတွင် ရိခေါ်ဒါရ်မြို့အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်က အဖွင့်အမှာစကား ပြောကြားပြီး ချင်းပြည်နယ် ဒေသခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာန ပြည်နယ် တာဝန်ခံ ဦးအောင်ဖြိုးက ဒေသခရီးသွား လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ရည်ရွယ်ချက်များ၊ လုပ်ငန်း ဆောင်ရွက်မှုများ၊ ရိရေကန်နှင့် ရိဒေသခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာများ၊ လူထုအခြေပြုခရီးသွား လုပ်ငန်း (Community Based Tourism)ဆိုင်ရာ လုပ်ငန်း ဆောင်ရွက် မှုများနှင့် ခရီးစဉ်ဒေသစီမံ ခန့်ခွဲရေး DMO (Destination Managament Organization)အဖွဲ့ ဖွဲ့စည်းရေးဆိုင်ရာများကို အသေးစိတ် ရှင်းလင်း ဆွေးနွေးသည်။

ထို့နောက် ချင်းပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ထွန်းလင်း၊ ချင်းပြည်နယ် ဒေသခရီးသွားလုပ်ငန်းကော်မတီအဖွဲ့ဝင် ဦးဆလိုင်းသိန်းဌေးလွင်နှင့် ရပ်မိရပ်ဖ များမှ ရိဒေသခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ များကိုတင်ပြဆွေးနွေးခဲ့ကြောင်း၊ ရိခေါ်ဒါရ်ဒေသ ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ DMO (Destination Managament Organization) ကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံညှိနှိုင်းပွဲတွင် ရိရေကန် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံဆောင်ရွက်ခြင်း၊ ရိရေ ကန်ရှုခင်းသာ View Point အသစ်ဆောက်လုပ်မည့် လုပ်ငန်းအတည်ပြု ခြင်းနှင့် ချင်းပြည်နယ် စည်ပင်သာယာ ရေးအဖွဲ့ ရန်ပုံငွေကျပ်သိန်း ၅၀၀ ဖြင့် ရိရေကန်  အနီး၌ အသည်းနှလုံးပုံဖြင့် ရိရေကန်ဆိုင်းဘုတ် စိုက်ထူခြင်း၊ ရေကန်ပတ်လမ်း၌ ပန်းအလှခုံများ ပြုလုပ်ခြင်း၊ ရေကန်ပတ်လမ်း ပြုပြင်ခြင်းနှင့် ရေကန်လမ်းရှိ လိုအပ်သည့်နေရာများ၌ ရေ‌ေကျာ်ပြွန်ငယ်များပြုလုပ်ရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်းသိရသည်။

လာလ်ပက်လောမ် (ပက်ကာ)