တီးတိန် ဇန္နဝါရီ ၂
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ တွီးထန် ကျေးရွာတွင် KMSS-KALAY (ဂရုဏာ လူမှုစည်းလုံး ညီညွတ်ရေး အသင်း -က လေးကက်သလစ်သာသနာ) မှ ဆန်၊ ဆီ၊ ကုလားပဲနှင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်သည့် အသုံးအဆောင်ပစ္စည်းများကို ဒီဇင်ဘာ ၃၁ ရက်နေ့က ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့လှူဒါန်းရာတွင် ဆန် ၁၂ပြည်ဝင်အိတ် (၂၀၀) အိတ်၊ ဆီ ၅၀ ကျပ်သား ဝင်ဘူး (၂၀၀) ဘူး၊ ကုလား ပဲ(၂၀၀) ပိသာနှင့် ကိုဗစ်- ၁၉ ရောဂါကာကွယ်သည့် အသုံးအဆောင် ပစ္စည်းများ ဖြစ်သော Hand Gel -6000ml၊ နှာခေါင်းစည်း ၅၀ခုဝင် (၅၀) ထုပ်၊ ဆပ် ပြာခဲ ၈ ခုဝင်ကဒ် (၉၆) ကဒ်နှင့် OT grown (၁၄) ခုကို ထောက်ပံ့လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း KMSS-KALAY တီးတိန်မြို့နယ်တာ ဝန်ခံ ဦးဂိုးလမ့်ဇမ်း ထံမှသိရသည်။
တွီးထန်ကျေးရွာသည် ကိုဗစ်- ၁၉ ရောဂါပိုးတွေ့လူနာ အစုလိုက်တွေ့ရှိရခြင်း၊ ပိုးတွေ့လူနာများ နှင့် ထိတွေ့သူများပြားခြင်းကြောင့် ဒီဇင်ဘာ ၂၇ ရက်မှ စတင်၍ အဝင်အထွက် ကန့်သတ် ထားသည့် ကျေးရွာဖြစ်ကြောင်းသိရသည်။
ပေါင်ကျင့်မုန်(ပြန်/ဆက်)