နမ့်စန်မြို့နယ်တွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နမ့်စန်(တ) ဒီဇင်ဘာ ၂၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားအား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းက (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အလံတင်အခမ်းအနား၊ သဝဏ်လွှာဖတ်ပွဲအခမ်းအနားနှင့် အားကစားပြိုင်ပွဲများကို အနှစ်သာရရှိရှိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်နှင့် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများအဆင့်ဆင့် ဖွဲ့စည်းတာဝန်ပေးအပ်ထားမှုအခြေအနေတို့ကို ရှင်းလင်းပြောကြားခဲ့ပြီး အစည်းအဝေးတက်ရောက်လာသော တာဝန်ရှိသူအဆင့်ဆင့်က အခမ်းအနား  ကျင်းပမည့် နေ့ရက်၊ အချိန်၊ အခမ်းအနားပြင်ဆင်ရေး၊ ဖိတ်ကြားရေး၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး၊ ဘဏ္ဍာငွေရှာဖွေရေးနှင့် အားကစားပြိုင်ပွဲများ ကျင်းပရေးကိစ္စရပ်များကို ဝိုင်းဝန်းဆွေးနွေး၍ အတည်ပြုချက်ရယူခဲ့ကြသည်။

အစည်းအဝေးဆုံးဖြတ်ချက်အရ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အလံတင်အခမ်းအနား၊ သဝဏ်လွှာဖတ်ပွဲအခမ်းအနားတို့ကို မြို့နယ်ကျောက်တိုင်အားကစားကွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲ အမျိုးအစား (၂၀) ခန့် ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)