တီးတိန်မြို့နယ်၊ တွီးထန်ကျေးရွာ၌ စောင့်ကြပ်ကြည့်ရှုထားသူ (၁၄) ဦးတွင် ကိုဗစ်- ၁၉ ရောဂါ ပိုး ထပ်မံတွေ့ရှိ

တီးတိန်   ဇန်နဝါရီ   ၂

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ တွီးထန် ကျေးရွာ Facility Quarantine Center တွင် အသွား အလာကန့်သတ် စောင့်ကြပ်ကြည့်ရှုထားသူ (၂၇) ဦးအား ဒီဇင် ဘာ ၃၁ ရက်နေ့က ကိုဗစ်- ၁၉ ရောဂါ ပိုး ရှိမရှိ RDT ဖြင့် စစ်ဆေးရာ အမျိုးသား (၇) ဦးနှင့် အမျိုးသမီး (၇) ဦး၊ စုစုပေါင်း (၁၄) ဦးတွင် ရောဂါပိုး ထပ်မံတွေ့ရှိကြောင်း သိရ သည်။

အဆိုပါပိုးတွေ့သူ တစ်ဦးကို တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ ဆေးကုသရန်ပို့ဆောင်ပြီး ကျန်သည့် (၁၃) ဦး သည် ကျန်းမာရေးအခြေအနေ ဆိုးရွားခြင်းမရှိ၊ ကောင်းမွန်သဖြင့် တွီးထန်တိုက်နယ် ဆေးရုံတွင် ဆေးကုသမှု ခံယူကြ မည်ဖြစ်သည်။

တွီးထန်တိုက်နယ်ဆေးရုံတွင် ယခုလတ်တလောအချိန်၌ ကိုဗစ်- ၁၉ရော ဂါပိုးတွေ့ရှိသူ (၂၁) ဦး ဆေးကုသမှု ခံယူလျက်ရှိကြောင်း၊ ၄င်းတို့၏ ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက် ရှိ ကြောင်း တွီးထန်တိုက်နယ်ဆေးရုံ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ပေါင်ကျင့်မုန်(ပြန်/ဆက်)