ညောင်ဦး ဇန်နဝါရီ ၂
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိ လျှပ်စစ်မြစ်ရေတင် ငါးခုအား ဆောင်းသီးနှံ အတွက် ရေပေးဝေမှုများအား ဇန်နဝါရီ ၂ရက်နေ့ နံနက် ၈နာရီအချိန်မှစတင်ကာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)၊ တိုင်းဒေသကြီးရုံးမှ ဦးမျိုးမြင့်ခိုင် (ဒုတိယညွှန်ကြားရေးမှူး) လာရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။
မန္တလေးတိုင်းဒေသကြီး၊ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)ရုံးမှ ဦးမျိုးမြင့်ခိုင် (ဒုတိယညွှန်ကြားရေးမှူး)သည် နံနက် ၈နာရီချိန်မှစတင် ကာ ညောင်ဦးမြို့နယ် ၊ လောကနန္ဒာလျှပ်စစ်မြစ်ရေတင်၊ ကျောက်ကူးလျှပ်စစ်မြစ်ရေတင် ၊ သူကောင်းတည် လျှပ်စစ်မြစ်ရေတင်၊ လက်ပံခြေပေါ်လျှပ်စစ်မြစ်ရေတင်၊ငါ့သရောက်လျှပ် စစ်မြစ်ရေတင်စသည့် မြစ်ရေတင်ငါးခု၏ ဆောင်းသီးနှံစိုက်ပျိုးချိန် ဆောင်းသီးနှံအတွက် ရေပေးဝေမှုကိုကြည့်ရှု စစ်ဆေးခြင်း၊ နွေသီးနှံစိုက်ပျိုးချိန်အတွက် ရေပေးဝေနိုင်ရေး ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ချက် များကြည့်ရှုစစ်ဆေးခဲ့ရာ သက်ဆိုင်ရာလျှပ်စစ်မြစ်ရေ တင်တာဝန်ရှိသူများ ကရှင်းပြခဲ့ ကြောင်းသိရသည်။
လျှပ်စစ်မြစ်ရေတင်ဖြင့် စိုက်ပျိုးရေအတွက်သာမက ရေပေးမြောင်းတစ်လျှောက်ရှိ ကျေးရွာများကို လည်း သောက်ရေ၊ သုံးရေဖြန့်ဝေပေးလျှက်ရှိကြောင်းသိရသည်။
ကိုထိန်၊KPD