မိုင်းယန်း ဒီဇင်ဘာ ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ပြည်သူများ မဲပေးနိုင်ရေးအတွက် "ဒို့အတူတူမဲပေးကြမယ်" လှုံ့ဆော်ရေး မြေစိုက်ပိုစတာ စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ဒီဇင်ဘာ ၂၂ ရက် နံနက် ၉ နာရီက မြို့နယ်ပန်းခြံ၌ ကျင်းပသည်။
အဆိုပါ "၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ပြည်သူများ မဲပေးနိုင်ရေးအတွက် "ဒို့အတူတူမဲပေးကြမယ်" လှုံ့ဆော်ရေးမြေစိုက်ပိုစတာအား မိုင်းယန်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလင်းသန့်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇင်ဦး၊ မြို့နယ်ထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုင်းဆမ်ကျောက်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပေးခဲ့ပြီး အမွှေးနံ့သာရည်များပတ်ဖြန်းခဲ့ကြကြောင်း သိရသည်။ ထို့နောက် ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများမှ "ဒို့အတူတူမဲပေးကြမယ်" လက်ကမ်းစာစောင်နှင့် (MEVM)မဲပေးစက်အသုံးပြု၍ မဲပေးပုံအဆင့်ဆင့် အသိပညာပေးစာစောင်များအား လူစည်ကားရာနေရာများ၊ လမ်းသွားလမ်းလာ ပြည်သူများ၊ မြို့မဈေးရှိ ဈေးရောင်းသူ၊ ဈေးဝယ်သူများကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းထူး