မြစ်သား ဒီဇင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်သည် တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၂၁ ရက် နံနက် ၉ နာရီခွဲက မြို့ပေါ်စာသင်ကျောင်းများရှိ မဲရုံတည်နေရာများသို့ ကွင်းဆင်းစစ်ဆေးခဲ့သည်။
မြစ်သားမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်နှင့် တာဝန်ရှိသူများသည် ရှမ်းပွဲရပ်ကွကရှိ မြို့မ (အ-ထ-က)၊ ရွှေသူဌေးရပ်ကွက်ရှိ အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းနှင့် ဘူတာရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းတို့တွင် မဲရုံအဖြစ် ကျင်းပပြုလုပ်မည့် စာသင်ကျောင်းများသို့သွားရောက်ကာ ပြည်သူများအေးချမ်းပျော်ရွှင်စွာဆန္ဒမဲပေးနိုင်ရန် ကြိုတင်ပြင် ဆင်ထားမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝါဝါမြင့် (မြစ်သား)