မိုင်းရှူးမြို့၌  စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်

မိုင်းရှူး ဒီဇင်ဘာ ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက်(၉)နာရီခွဲအချိန်က မြို့နယ်မီးသတ်စခန်း၌ ဆောင်ရွက်ခဲ့သည်။

ဟောပြောပွဲတွင် မီးသတ်ဦးစီးဌာန၊မြို့နယ်ဦးစီးမှူး ဦးဝင်းဇင်ဖြိုးက မီးသတ်ဦးစီးဌာန၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်တာဝန်များနှင့် မီးဘေးအန္တရာယ်များ၊စက်သုံးဆီဆိုင်များ မီးလောင်မှုဖြစ်ပွားနိုင်တဲ့အကြောင်းအရင်းနှင့် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာများ ဟောပြောပြီး စက်သုံးဆီဆိုင်ဝန်ထမ်းများအား ဓါတုဗေဒပေါင်ဒါမှုန့် (Dcp) မီးသတ်ဆေးဘူးနှင့် Formဆေးရည်အသုံးပြုပုံတို့ကို လက်တွေ့သရုပ်ပြလေ့ကျင့်ပေးခဲ့ကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)