ကော့သောင်း ဒီဇင်ဘာ ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၌ မဲစာရင်းများကြေညာခြင်းမပြုမီ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၊ သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ရပ်ကွက်/ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ၊ ကော့သောင်းမြို့နယ်ရှိ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲဆောင်ရွက်ရာ၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် မဲစာရင်းစိစစ်ခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဟံသာဝတီခန်းမ၌ ဆောင်ရွက်သည်။
အဆိုပါလုပ်ငန်းများဆောင်ရွက်ရာတွင် တာဝန်ရှိသူများက တတိယကြိမ်မဲစာရင်းများ ကပ်နှံခြင်းမပြုမီ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် မဲဆန္ဒရှင်စာရင်းများအား တိုက်ဆိုင်စစ်ဆေးခြင်း၊ မဲစာရင်းတွင် ပါဝင်ခြင်းမရှိသည့် ပုံစံ(၃)၊ ပုံစံ(၄)၊ ပုံစံ၄(ဂ) ဖြင့် လျှောက်ထားသူများ၏ အချက်အလက်များအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ eID Server ဖြင့် တိုက်ဆိုင်စိစစ်ခြင်း၊ မဲစာရင်းမထပ်၊ မကျန်စေရေးဆိုင်ရာ လုပ်ငန်းများနှင့်ကွဲလွဲချက်များ မရှိစေရေး တစ်ဆက်တည်းဖြေရှင်းခြင်းလုပ်ငန်းများအား ပေါင်းစပ်ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် မဲစာရင်းစိစစ်ခြင်းလုပ်ငန်း ဆောင်ရွက်ရာနေရာသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ လာရောက်ကြည့်ရှု၍လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)