ချမ်းအေးသာစံ ဒီဇင်ဘာ ၂၂
ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်က စာရေးဆရာကြီး ဦးသန်းဦး ရေးသားထားသည့် “ပညာသည်သာရတနာ၊ ဆရာသည်သာအခရာ” စာအုပ်တွင် ပါဝင်သော “ပညာရေးအတွေးအမြင် ဆောင်းပါးစုများ၊ ကမ္ဘာ့ဆရာများနေ့ အထူးဆောင်းပါးစု” အကြောင်းအရာများအားလည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ခိုင်သန္တာလွင်က “ပညာသည်သာ ရတနာ၊ ဆရာသည်သာ အခရာ” စာအုပ်တွင် ပါဝင်သော မှတ်သားဖွယ် ရာ အကြောင်းအရာများအားဖတ်ကြားခဲ့သည်။
ဆက်လက်ပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ရာ ဦးစီးအရာရှိက “ဝန်ထမ်းများအနေဖြင့် မိမိအားပေးအပ်သော တာဝန်များကို ကျေပွန်စွာ ဆောင်ရွက်ကြစေရန်၊ ရုံးတွင်း၊ ရုံးပြင်သန့်ရှင်းသာယာစေရန်” စသည့် အကြောင်းအရာများအား ပြောကြားခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)