ဆီဆိုင်မြို့၌  ကျား၊ မ အခြေပြု အကြမ်းဖက်မှုဖြစ်ရပ်များအပေါ် ဆောင်ရွက်ပေးနေသည့် ဝန်ဆောင်မှုများ အသိပညာပေးဟောပြောပွဲ ကျင်းပ

ဆီဆိုင် ဒီဇင်ဘာ ၂၂

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံးမှ ကျား၊ မ အခြေပြုအကြမ်းဖက်မှုဖြစ်ရပ်များအပေါ် ဆောင်ရွက်ပေးနေသည့် ဝန်ဆောင်မှုများ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ဆီဆိုင်မြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ယုဇနခန်းမ၌ ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံမှ ညွှန်ကြားရေးမှူး ဒေါ်သိန်းသိန်းမြင့်က အမှာစကားပြောကြားပြီး ဦးစီးအရာရှိ ဒေါ်အေးစန္ဒာလှိုင်က လူမှုဝန်ထမ်းဦးစီးဌာနမှ ကျား၊ မ အကြမ်းဖက်မှုဖြစ်ရပ်များအပေါ် ဆောင်ရွက်ပေးနေသည့် ဝန်ဆောင်မှုများနှင့် ကျား၊ မ အခြေပြု အကြမ်းဖက်မှုဆိုင်ရာအကြောင်းများကို ပရိုဂျက်တာဖြင့် အကျယ်တဝင့် အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြပြီး တာဝန်ရှိသူတို့က ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)