မက်မန်းမြို့နယ်တွင် တတိယအကြိမ်မဲစာရင်းများ ကြေညာခြင်းမပြုမီ မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေး စိစစ်ဆောင်ရွက်

မက်မန်း ဒီဇင်ဘာ ၂၂

ရှမ်းပြည်နယ် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် မကြာမီကျင်းပတော့မည် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တတိယအကြိမ် မဲစာရင်းများ ကြေညာခြင်းမပြုမီ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးစိစစ်ဆောင်ရွက်ခြင်းကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းလင်းအောင်က မက်မန်းမြို့နယ်အတွင်း မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေး မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ဝင်များမှ အိမ်တိုင်ရာရောက် တစ်အိမ်တက်ဆင်း (Door to Door) စနစ်ဖြင့်မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပြီးဖြစ်ကြောင်း၊ ယခုတတိယအကြိမ်မဲစာရင်းကြေညာမည့် မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေးနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားခဲ့သည်။ ဆက်လက်ပြီး မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးပြည့်ဖြိုးအောင်က ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် မဲရုံများရှိမဲဆန္ဒရှင်စာရင်းများကို ဖတ်ကြားပေးခဲ့သည်။

ထို့နောက် တတိယအကြိမ်မဲစာရင်းများ ကြေညာခြင်းမပြုမီ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၊ သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမျူးများနှင့် ရပ်ကျေးစာရေးများ၊ နိုင်ငံရေးပါတီကိုယ်စားလှယ်များဖြင့် တိုက်ဆိုင်စစ်ဆေးခြင်းကို (၁၈-၁၂-၂၀၂၅) ရက်နေ့မှ (၂၂-၁၂-၂၀-၂၅) ရက်နေ့အထိ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)