မိုင်းရယ် ဒီဇင်ဘာ ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တတိယအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာရန် မဲစာရင်းပြည့်စုံမှန်ကန်မှုရှိစေရေး တိုက်ဆိုင်စစ်ဆေးခြင်းကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ထိုသို့ တိုက်ဆိုင်စစ်ဆေးရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ မြို့နယ်လဝကရုံးမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ ရပ်ကွက်နှင့် ကျေးရွာကော်မရှင်အဖွဲ့ဝင်များနှင့် ရပ်/ကျေးစာရေးတို့က မဲဆန္ဒရှင်စာရင်းများတွင် ပါဝင်သင့်ပါဝင်ထိုက်သူများ ပါဝင်နိုင်ရေး၊ မဲဆန္ဒရှင်စာရင်း ကျန်ရှိမှုမရှိစေရေးတို့ကို တိုက်ဆိုင်စစ်ဆေးခဲ့ကြသည်။
အဆိုပါ မဲစာရင်းတိုက်ဆိုင်စစ်ဆေးနေမှု အခြေအနေများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များနှင့် မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များက စိစစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)