တောင်သာ ဒီဇင်ဘာ ၂၂
မကြာမီကျင်းပတော့မည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အသက် ၁၈ နှစ်ပြည့်ပြီး၊ နိုင်ငံသားတိုင် ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးရေး မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် တတိယအကြိမ် တိုက်ဆိုင်စစ်ဆေးခြင်းကို မြို့နယ်ကော်မရှင်ရုံး၌ ယနေ့နက်နံ ၁၀ နာရီက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့သို့တိုက်ဆိုင်စစ်ဆေးရာတွင် ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများ ကြေညာပြီးနောက် မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်စေရေးအတွက် မဲဆန္ဒရှင်များ၏ တောင်းဆိုမှု၊ ပြင်ဆင်မှုနှင့် ကန့်ကွက်မှုများအား စိစစ်ပြင်ဆင်ပြီး မဲဆန္ဒရှင်စာရင်း တတိယအကြိမ်ကို သက်ဆိုင်ရာရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် နောက်ဆုံးအကြိမ် ကပ်ထားကြေညာမည်ဖြစ်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှ ဝန်ထမ်းများ၊ ရပ်/ကျေးကော်မရှင်အဖွဲ့ဝင်များ၊ လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် မြို့နယ်ကော်မရှင်အဖွဲ့များမှ မဲစာရင်းမှန်ကန်စေရေး တိုက်ဆိုင်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ မဲဆန္ဒရှင်စာရင်းတိုက်ဆိုင်စစ်ဆေးနေမှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟန်သူရ၊ မြို့နယ်လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ဝင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသန်းထွန်းနှင့်အဖွဲ့ဝင်တို့က ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)