စဉ့်ကိုင်မြို့နယ်၌ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲ ကျင်းပ

စဉ့်ကိုင် ဒီဇင်ဘာ ၂၂

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်‌နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် လွတ်လပ်‌ရေး‌နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community centre) ခန်းမ၌ စာစီစာကုံးပြိုင်ပွဲနှင့်ပန်းချီပြိုင်ပွဲကို ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြိုင်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက ပြိုင်ပွဲများ ကျင်းပ‌ရခြင်းအကြောင်း ရှင်းလင်းပြောကြားသည်။ 

ယင်းနောက် အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် “လွတ်လပ်‌ရေးကိုထိန်းသိမ်းဖို့ တိုင်းရင်းသားများ စည်းလုံးစို့” ခေါင်းစဉ်ဖြင့် ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူ ၁၂ ဦးနှင့် ပန်းချီပြိုင်ပွဲတွင် “ဖွံ့ဖြိုးဝေစည် မြန်မာပြည်” ခေါင်းစဉ်ဖြင့် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ ၁၃ ဦးတို့က အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြ‌ကြောင်း သိရသည်။

ကျော်စွာ (စဉ့်ကိုင်)