ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မန္တလေးတိုင်းတာဝန်ခံ ဦးသန်းအောင်ကျော် အောင်မြေသာစံမြို့နယ်၌ မဲရုံများပြင်ဆင်ထားမှုများ လှည့်လည်ကြည့်ရှု

အောင်မြေသာစံ ဒီဇင်ဘာ ၂၂

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မန္တလေးတိုင်းတာဝန်ခံ ဦးသန်းအောင်ကျော်သည် ဒီဇင်ဘာ ၂၂ ရက်နေ့ နံနက် ၁၀ နာရီက အောင်မြေသာစံမြို့နယ်အတွင်း မဲပေးစက်များထားရှိမှု၊ မဲရုံပြင်ဆင်ထားမှုအခြေအနေတို့ကို ကြည့်ရှုစစ်‌ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (မန္တလေးတိုင်းတာဝန်ခံ) ဦးသန်းအောင်‌ကျော်သည် တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကျော်သန်းထွန်း၊ အတွင်း‌ရေးမှူးနှင့်အဖွဲ့ဝင်များနှင့်အတူ တိုင်းဒေသကြီးလွှတ်တော်တွင် ယာယီထားရှိသော မဲပေးစက်များကို သွားရောက်စစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းပြသသည်။

ထိူ့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (မန္တလေးတိုင်းတာဝန်ခံ) ဦးသန်းအောင်‌ကျော်သည် တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ အတွင်း‌ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား အောင်မြေသာစံမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် တွေ့ဆုံ၍ မြို့နယ်အတွင်းဆောင်ရွက်မည့် ရွေးကောက်ပွဲဆိုင်ရာများနှင့်ပတ်သက်၍ မဲဆန္ဒရှင်စာရင်းများထဲတွင် သေဆုံးသူများ မပါရှိစေရေး၊ အသက် ၁၀၀နှင့်အထက် ရှိနေသူများအား မြေပြင်တွင် အမှန်တကယ်နေထိုင်မှုရှိ/မရှိတို့ကို ရပ်ကျေးကော်မရှင်အဖွဲ့ဝင်များဖြင့် စစ်ဆေးပေးရန်၊ မကြာခင်ထုတ်ပြန်မည့် မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်မှုရှိစေရန်နှင့် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးတို့ကို တိတိကျကျဆောင်ရွက်ကြရန်တို့ကို မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်နှင့်အဖွဲ့သည် အနှိပ်တော်ရပ်ကွက်၊ အမှတ် (၂) အခြေခံပညာမူလတန်းကျောင်းအတွင်းရှိ မဲရုံအမှတ် (၂) နှင့် မဲရုံအမှတ် (၂) တို့၏ ပြင်ဆင်ထားရှိမှုအခြေအနေအား ကွင်းဆင်းကြည့်ရှု့ပြီး လိုအပ်သည်များဆွေးနွေးမှာကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (မန္တလေးတိုင်းတာဝန်ခံ) ဦးသန်းအောင်‌ကျော် သည် တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်သန်းထွန်း၊ အတွင်း‌ရေးမှူး ဦးတင်မင်းအေးနှင့် တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များအား တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများ တွေ့ဆုံဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

မြင့်မော်ထွန်း(အောင်စံ)