ပုသိမ်ကြီးမြို့နယ်အတွင်းရှိ မဲရုံဖွင့်လှစ်မည့်နေရာများအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

ပုသိမ်ကြီး ဒီဇင်ဘာ ၂၂

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး၌ မဲရုံဖွင့်လှစ်ကျင်းပဆောင်ရွက်မည့်နေများအား တာဝန်ရှိသူများ လိုက်ပါဆောင်ရွက်လျက်ရှိရာ မန္တလေးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် ဦးသက်နိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစည်သူ၊ မြို့နယ်တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက် ၉ နာရီခွဲမှ စတင်ကာ ပုသိမ်ကြီးမြို့နယ် တောင်ဘက်အပိုင်းရှိ ကျေးရွာများသို့ ကွင်းဆင်းကြည့်ရူစစ်ဆေးကြသည်။

လာမည့်ရွေးကောက်ပွဲ တတိယပိုင်းတွင် ထည့်သွင်းကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် မဲဆန္ဒရှင်ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆန္ဒမဲပေးနိုင်ရေး၊ ရပ်ကွက်/ကျေးရွာ အသီးသီးတို့တွင် မဲပေးနိုင်ရေး မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာခြင်း၊ မဲဆန္ဒရှင်စာရင်းတွင် ပါဝင်ခြင်းမရှိလျှင်လည်း လိုအပ်သည့် ပုံစံများဖြင့် ဖြည့်တင်းဆောင်ရွက်ပေးလျက်ရှိပြီး၊ ဆန္ဒမဲပေးမည့် ပြည်သူများ အေးချမ်းစွာပါဝင်နိုင်ရန် မဲရုံဖွင့်လှစ်မည့်နေရာများအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး မှာကြားခဲ့ကြောင်း သိရသည်။

ဇာနည်ကိုကို(ပြန်/ဆက်)