သောက်သုံးရေရှားသည့် ရွာသစ်တောင်ကျေးရွာသို့ သောက်သုံးရေလှူဒါန်း

ညောင်ဦး  ဇန်နဝါရီ  ၃

မန္တလေးတိုင်ဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေရှားပါးနေသော ရွာသစ် တောင်ကျေးရွာသို့ ညောင်ဦးမြို့ ပရဟိတ အဖွဲ့နှင့် ညောင်ဦးမြို့ ဥပဒေမိသားစုတို့မှ ယမန်နေ့က သောက်သုံးရေသွားရောက် လှူဒါန်းကြကြောင်း ခရိုင်ဥပဒေအရာရှိ ဦးစန်းဝင်းထံက သိရသည်။

အဆိုပါ ရွာသစ်တောင်ကျေးရွာသို့ သောက်သုံးရေ သွားရောက်လှူဒါန်းကြရာတွင် ညောင်းဦးခရိုင် မီးသတ်ဦးစီးဌာန၊ ညောင်ဦးပရဟိတအဖွဲ့နှင ့်ညောင်ဦး ဥပဒေ မိသားစုများ ပေါင်းစည်းအားဖြင့်လှူဒါန်းခဲ့ကြောင်း၊ ရွာသစ်တောင် ကျေးရွာ သည် ညောင်ဦးမြို့နှင့် ၄၂မိုင်ခန့်ကွာဝေးပြီး ၊ရွာမှာတူးထားသည့် စက်ရေတွင်းမှ ထွက်သည့် ရေက ရေငံဖြစ်ကာ နှစ်ရက်ထားပြီးမှသုံးလို့ရသည့်ရေဖြစ်ခြင်းနှင့် ပေ ၉၀ ဆယ်ရှိ လက်ငင်ရေတွင်းသည် နွေမ ရောက်ခင်ခန်းခြောက်လေ့ရှိရာ လူဦးရေ ၈၀၀ ကျော်၊ အိမ်ထောင်စု ၁၇၃ စုအတွက် အလှူ ရှင်များလှူဒါန်းသည့် ရေကိုသောက်ရေ သုံးရေအဖြစ် အသုံးပြုနေရကြောင်း သိရသည်။ ထိုရွာသစ်တောင်ရွာသို့ ရေဂါလံ ၁၆၀၀ ပါကားနှစ်စီးဖြင့် ရေဂါလံ ၃၂၀၀ သွားရောက်လှူ ဒါန်းခြင်းဖြစ်ကြောင်းသိရသည်။

ညောင်ဦးဒေသသည် တစ်နှစ်ပတ်လုံး မိုးရေချိန်၂၀လက်မအောက်သာရွာလေ့ရှိပြီး ပြီးခဲ့သည့်မိုးရာသီက မိုးရွာသွန်းမှု အလွန်နည်းပါးကာ မြေသားရေလှောင်ကန်ကြီးများ လည်းရေဝင်ရောက်မှု မရှိခြင်းကြောင့် ကျွဲ၊နွား ဆိတ်၊မွေးမြူကြသည့် ကျေးလက် တောင်သူများ ရေအတွက် အခက်အခဲပိုဖြစ်လာနိုင်ကာ ညောင်ဦးမြို့ပေါ် ရေအလှူ ပရဟိတအသင်း များ ကလည်း ဆောင်းဦးပေါက်ချိန်မှစကာ ရေအခက်အခဲဖြစ်နေသော ကျေးရွာများသို့ သောက်သုံးရေ လှူဒါန်း နေရပြီဖြစ် ကြောင်း ပရဟိတအသင်းများထံက သိရသည်။ ညောင်ဦး မြို့နယ် သောက်သုံးရေရှားပါးသည့် ကျေရွာများသို့ သောက်သုံး ရေ လှူဒါန်းနိုင်ကာ ညောင်ဦးမြို့ ပရဟိတသင်းများမှတဆင့်လည်းကောင်း၊ ညောင်ဦး မြို့နယ် ဥပဒေမိသားစု နှင့် လည်းကောင်း၊ ဦးဝင်းမင်းထွန်း ဖုန်းနံပါတ် 09696926263 တို့နှင့် ဆက်သွယ်လှူဒါန်း နိုင်ကြောင်းသိရသည်။

ကိုထိန်၊ KPD