ကျေးသီးမြို့၌ အငြိမ်းစားဝန်ထမ်း ပင်စင်လစာငွေများ ထုတ်ပေး

ကျေးသီးမြို့ ဒီဇင်ဘာလ ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးသီးမြို့၊ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများ၏ ယနေ့နံနက် (၉)နာရီအချိန်က စတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ကျေးသီးမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို နိုင်ငံတော်အစိုးရက သတ်မှတ်ထားသော ရုံးပိတ်ရက်များမှအပ ဒီဇင်ဘာ ၂၂ ရက်နေ့မှ ၃၀ ရက်နေ့အထိ ရုံးဖွင့်ရက်များတွင် ထုတ်ပေးလျက်ရှိပြီး အငြိမ်းစားဝန်ထမ်း ပင်စင်လစာထုတ်ယူမည့်သူ စုစုပေါင်း (၁၁၈) ဦးရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)