ရွှေကျင် ဒီဇင်ဘာ ၂၂
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ အသက်(၄၀)နှစ်အထက် ပြည်သူများနှင့် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများကို ယနေ့တွင် ကွင်းဆင်းပြုလုပ်ခဲ့သည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို ရွှေကျင်မြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြတ်သူ၏ လမ်းညွှန်မှုဖြင့် အခြေခံကျန်းမာရေးဝန်ထမ်းများက ရွှေကျင်မြို့၊ ညောင်ဝိုင်းရပ်ကွက်၊ တောင်ပိုင်ကျောင်းတွင်စုရပ်ပြုလုပ်၍ အသက်(၄၀)နှစ်နှင့်အထက် ပြည်သူများနှင့် သက်ကြီးဘိုးဘွားများ (၇၃)ဦးအား ကျန်းမာရေးစစ်ဆေးခြင်း၊ သွေးပေါင်ချိန်ခြင်း၊ အရပ်တိုင်းခြင်း၊ ကိုယ်အလေးချိန်ချိန်ခြင်း၊ ဆီးချိုတိုင်းခြင်း၊ နှလုံးသွေးကြောရောဂါဖြစ်နိုင်ခြေ ရှိ/မရှိ တွက်ချက်ပေးခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်သော အပြုအမူ၊ အနေအထိုင်၊ အစားအသောက်များ စားသောက်တတ်စေရန် ကျန်းမာရေးပညာပေးပိုစတာများအသုံးပြု၍ ကျန်းမာရေးအသိပညာမြှင့်တင်ခြင်း၊ သင့်တင့်လျောက်ပတ်သော ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ သရုပ်ပြသင်ကြားပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် ဆေးကုသမှုပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)