မဟာအောင်မြေ ဒီဇင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် သံလျှက်မှော်အရှေ့ရပ်ကွက်၌ အများပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မဟာအောင်မြေမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများအနေဖြင့် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားစိစစ်ရေးကတ်ကိုင်ကြစို့” ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး/ ပျက်စီးသူ ၁၄၀ ဦးနှင့်အသက် ၁၈ နှစ်ပြည့်ပြီး မှတ်ပုံတင်မကိုင်ဆောင်ဘူးသူ ၁၅ ဦးအား ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကို ဒီဇင်ဘာ ၂၂ ရက်နေ့က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးဆွေလွင်အောင်၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန သံလျှက်မှော်အရှေ့ရပ်ကွက် တိုက်နယ်မှူး ဦးအေးချမ်းအောင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဆန်းဝင်းတို့က နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ရခြင်း၏ရည်ရွယ်ချက်များနှင့် မဟာအောင်မြေမြို့နယ်အတွင်းရှိ အများပြည်သူများကိုလည်း ရပ်ကွက်အလိုက် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း ရှင်းလင်းပြောကြားသည်။
မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော်အရှေ့ရပ်ကွက်၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူး ဆွေလွင်အောင်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန သံလျှက်မှော်အရှေ့ရပ်ကွက် တိုက်နယ်မှူး ဦးအေးချမ်းအောင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဆန်းဝင်းနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း