ဒေးဒရဲမြို့၌ ကျေးလက်ဖွံ့ဖြိုးရေး ကျေးရွာချင်းဆက်လမ်း ခင်းကျင်းပြီးစီးမှုအား ကွင်းဆင်းစစ်ဆေး

ဒေးဒရဲ ဒီဇင်ဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဒေသထွက်ကုန်များ ကုန်စည်စီးဆင်းမှု ပိုမိုကောင်းမွန်စေရေးရည်ရွယ်၍ တာဝန်ယူဆောင်ရွက်ပေးလျက်ရှိသည့်  ကျေးရွာချင်းဆက် ကဖွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအား ယနေ့နံနက်ပိုင်းက မြို့နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 အဆိုပါလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးရာတွင် ဒေးဒရဲမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ သွားလာမှုအဆင်ပြေစေရေးအတွက် (၂၀၂၅- ၂၀၂၆) ဘဏ္ဍာရေးနှစ်  တိုင်းဒေသကြီး ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ်သိန်း (၁၆၀)ဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်ပြီးစီးခဲ့သည့် ကျုံဒါးချောင်းကျေးရွာနှင့် အောင်တဲကျေးရွာချင်းဆက် ကွန်ကရစ်လမ်း ဆောင်ရွက်ပြီးစီးမှုအား မြို့နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

အေဇာလင်း(ပြန်/ဆက်)