၂၀၂၁ ခုနှစ်၊ (၇၃)နှစ်​​မြောက်လွတ်လပ်​ရေး​နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာ​စောင်များ အခမဲ့ဖြန့်​ဝေ​ပေး

ကော့ကရိတ်  ဇန်နဝါရီ ၃

ကရင်ပြည်နယ်၊​ ကော့ကရိတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၃) နှစ်မြောက် လွတ်လပ် ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင် အတွဲ(၅)၊ အမှတ်(၁)ကို ယနေ့ နံနက်ပိုင်းက ပျံကျ​စျေးနှင့် လူစည် ကားရာနေရာ လမ်းဆုံတို့တွင် လိုက်လံဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

 အဆိုပါသတင်းစကား လက်ကမ်းစာစောင်တွင် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့ ရန်ကုန်မြို့ တော်ခန်းမ၌ ကျင်းပသော ပြည်သူ့အစည်းအဝေးကြီးတွင် ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည့် လွတ်လပ်ရေးဆိုတဲ့အဓိပ္ပါယ် မိန့်ခွန်းကောက်နုတ်ချက်၊  (၇၂)နှစ်မြောက် လွတ်လပ်ရေနေ့ အထိမ်းအမှတ် အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သည့် သဝဏ်လွှာမှ ကောက်နုတ်ချက်၊ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၃ ရက်နေ့ ပြင်ဦးလွင် ခရီးစဉ်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည် ပြောကြား သည့် အမှာစကား ကောက်နုတ်ချက်များ၊ လွတ်လပ်ရေးကြေညာ စာတန်းကောက်နုတ်ချက်၊ လွတ်လပ်ရေးသစ္စာ အဓိဋ္ဌာန်(၉)ချက်၊ (၇၃)နှစ် မြောက်လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်များ၊ ကဗျာဆရာ မြင်းမူမောင်နိုင်မိုး၏ “လွတ်လပ် ရေးအသိ၊ လွတ်လပ်ရေးသတိ”  စသည့် အထိမ်းအမှတ်ကဗျာများပါဝင်သည့် လက်ကမ်း စာစောင်(၄၅၀)​စောင်ကို ဌာနဆိုင်ရာများ၊ ပျံကျဈေးနှင့် လူစည်ကားရာ နေရာများတွင်အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခင်မျိုးဝင်း (ခရိုင်ပြန်/ဆက်)