လပွတ္တာ ဒီဇင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အတွင်းရှိ မဲရုံများ၌ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများကို ယနေ့နံနက်ပိုင်းက စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးစိမ်းကိုကိုနှင့်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ လပွတ္တာမြို့နယ်အတွင်းရှိ မဲရုံများအဖြစ်ထားရှိသည့် ကျောင်းများ၌ မီးဘေးလုံခြုံမှုရှိစေရန်အတွက် မီးသတ်ဦးစီးဌာန၏ မီးဘေးလုံခြုံရေးစစ်ဆေးထောက်ခံချက် (Fire Safety Cerfiticate)ရရှိရေး ဆောင်ရွက်သွားရန်၊ မီးချိတ်မီးကတ်များ၊ မီးသတ်ဆေးဘူးများစနစ်တကျထားရှိစေရေး၊ မီးလောင်မှု၊ မီးလန့်မှုများ ဖြစ်ပွားလာပါက အမြန်ဆုံးငြှိမ်းသတ်နိုင်ရေး အပေါ့စားမီးသတ်စက်၊ လျှပ်စစ်မီးကြိုးများ၊ ဝါယာကြိုးများ စနစ်တကျထားရှိမှုများကို ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)