ပြည်ကြီးတံခွန် ဒီဇင်ဘာ ၂၃
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ OSS ရုံးခန်း၌ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ အသက် (၁၈) နှစ်နှင့်အထက် လူဦးရေစာရင်းများတိကျမှန်ကန်မှုရှိစေရေးအတွက် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများအား ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ဆောင်ရွက်ခဲ့သည်။
အဆိုပါ မဲစာရင်းစစ်ဆေးခြင်းဆောင်ရွက်ရာနေရာသို့ ပြည်ကြီးတံခွန်မြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်သွင်နှင့်ဝန်ထမ်းများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ၊ ရပ်ကွက် (၁၈) ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက် (၁၈) ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများနှင့် ပါတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး ယင်းမဲစာရင်းများပြည့်စုံမှန်ကန်စေရေး စိစစ်ဆောင်ရွက်ခြင်း ပြုလုပ်ရာနေရာသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဟိန်းကျော်အောင်မှ လာရောက်ကြည့်ရှု၍ လိုအပ်သည်များကို မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇင်မင်းမောင်(ခရိုင်၊ ပြန်/ဆက်)