မိုင်းတုံ ဒီဇင်ဘာ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာမကျန် အပိုင်းလိုက်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် မဲဆန္ဒရှင်များ၏ တောင်းဆိုမှု၊ ပြင်ဆင်မှုနှင့် ကန့်ကွက်မှုများအား စိစစ်ပြင်ဆင်ပြီး မဲစာရင်း(တတိယ)အကြိမ် ကြေညာခြင်းမပြုမီ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီဌာန၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဦးစီဌာန၊ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်တို့ဖြင့် မဲစာရင်းပြည့်စုံမှန်ကန်စေရေး စိစစ်ရေးအဖွဲ့များဖွဲ့စည်း၍ တိုက်ဆိုင်စစ်ဆေးခြင်းများကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းသို့ တိုက်ဆိုင်စစ်ဆေးခြင်းများဆောင်ရွက်ခြင်းသည် မိုင်းတုံခရိုင် မိုင်းတုံမြို့နယ်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးအနေဖြင့်(တတိယအကြိမ်) မဲစာရင်းများ ကပ်ထားကြေညာရာတွင် မဲစာရင်းပြည့်စုံမှန်ကန်ရေး စိစစ်ခြင်းလုပ်ငန်းကိုသက်ဆိုင်ရာ စိစစ်ရေးအဖွဲ့များနှင့်ပူးပေါင်း၍ မဲစာရင်းမှန်ကန်စေရေးနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲစာရင်းတွင် မကျန်ရှိစေရေးအတွက် တိုက်ဆိုင်စစ်ဆေးဆောင်ရွက်မှုကို မိုင်းတုံမြို့နယ်တွင် စာရင်းရှိအုပ်စု (၁၃)အုပ်စုတွင် မဲပေးပိုင်ခွင့်ရှိသူပေါင်း (၃၁၆၉၇)ဦးတို့ကို တာဝန်ရှိသူအဆင့်ဆင့်တို့က မဲစာရင်းမှန်ကန်စေရေးအတွက် စနစ်တကျ တိုက်ဆိုင်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ဝင်းဝင်းခိုင်