နောင်ချို ဇန်နဝါရီ ၃
၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ ကို ဂုဏ်ပြုကြို ဆိုသောအားဖြင့် သတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့ နံနက် (၇) နာရီ အချိန်က ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ထိုသို့ ဖြန့်ဝေရာတွင် နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်သန်းသန်းထွေးနှင့် ဝန်ထမ်းများက နောင်ချိုမြု့မဈေးနှင့် ယာယီပျံကျဈေးများ၌ ရောင်းချနေသော ဈေးသည်နှင့်ဈေးဝယ်များ၊ လမ်းသွားလမ်းလာများ ကိုဖြန့်ဝေပေးခဲ့ကြပြီး အဆိုပါ
သတင်းစကား လက်ကမ်းစာစောင်တွင် "လွတ်လပ်ရေးသစ္စာအဓိဌာန်(၉)ချက်၊ နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော် အတိုင်ပင်ခံတို့၏ မိန့်ခွန်းကောက်နုတ်ချက်များ၊ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၏ မိန့်ခွန်း ကောက်နှုတ်ချက်၊ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည် ချက်များ၊ လွတ်လပ်ရေးအသိ၊ လွတ်လပ်ရေးသတိကဗျာ၊ အထိမ်းအမှတ်ဆောင်ပုဒ်များ စသည့် ပြည်သူများ ဗဟုသုတရဖွယ်ရာများ ပါဝင် ကြောင်း သိရသည်။
လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေခြင်းဖြင့် ပြည်သူများအနေဖြင့် လွတ်လပ်ရေးကို မြတ်နိုးတန်ဖိုးထားကာ အမိနိုင်ငံတော် ချစ်မြတ်နိုးစိတ်၊ ကာ ကွယ်ထိန်းသိမ်းတတ်သည့် စိတ်များကို နှိုးကြားလာစေနိုင်ကြောင်း သိရပါသည်။
ထွေးငယ် (နောင်ချို-ပြန်ဆက်)