လယ်ဝေး ဒီဇင်ဘာ ၂၃
၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည်ဖြစ်ရာ ယမန်နေ့နံနက်ပိုင်းက မဲရုံဖွင့်လှစ်ထားရှိမည့် အခြေခံပညာကျောင်းများ၌ မီးဘေးကြိုတင်ကာကွယ်ရေးစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် မြိူ့နယ်မီးသတ်ဦးစီးမှူး ဦးသန့်ဇင်အောင်ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများက အ.ထ.ကခွဲ(ရေကာ)၊ မူလွန်(ရှမ်းရွာ)၊ အ.မ.က(ပျံချီ)၊ မူလွန်(ကြာအင်း)စာသင်ကျောင်းများအား မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)