ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင် တောင်ကြီးမြို့ RC(၄)ခန်း တွဲ(၄)ထပ်ဆောင် ပြည်သူ့အငှားအိမ်ရာ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှု

တောင်ကြီး  ဒီဇင်ဘာ ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း) ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင် ပြည်နယ်မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက် ၁၀ နာရီခွဲက တောင်ကြီးမြို့၊ ထီဖောင်ကျေးရွာတွင် RC(၄)ခန်းတွဲ(၄)ထပ် ဆောင်ပြည်သူ့အငှားအိမ်ရာ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက် ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် RC(၄)ခန်းတွဲ(၄)ထပ်ဆောင်ပြည်သူ့အငှားအိမ်ရာတည် ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူတို့က ရှင်းလင်းတင်ပြကာ တင်ပြချက်အပေါ် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက လုပ်ငန်းအရည်အသွေး ပြည့်မီရေးနှင့်လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးစနစ်တကျ ဆောင်ရွက်သွားရန်၊ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး၊ သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးရေး၊ တည်ဆောက်ရေးလုပ်ငန်းစဉ် တစ်ခုချင်းစီတိုင်းအား တာဝန်ရှိသူအဆင့်ဆင့်မှ ကြီးကြပ်ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)