တန့်ယန်း ဒီဇင်ဘာ ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရန် တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် မဲစာရင်းများ စစ်ဆေးခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းခ၌ ကျင်းပဆောင်ရွက်ခဲ့သည်။
အဆိုပါ မဲစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်း၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဦးစီးအရာရှိ ဦးသစ်ထွန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးအရာရှိ ဦးအမ်ဇော်နော်တို့က လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ ပုဒ်မ(၈)(ခ)အရ မဲစာရင်းများ စစ်ဆေးခြင်း အကြောင်းကို ရှင်းလင်းပြောကြားကြပြီး တက်ရောက်လာကြသော နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတို့မှ တာဝန်ရှိသူများက မဲပေးပိုင်ခွင့်ရှိသူများ မဲစာရင်းတွင် ပါရှိနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)