ထန်တလန်မြို့၌ မန္တလေးမှ ပြန်လာသူနှစ်ဦးထံမှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

ထန်တလန် ဇန်နဝါရီ ၃

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့၌ မန္တလေးမှ ပြန်လည်ရောက်ရှိလာသူ(၉)ဦးအား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ RDT ဖြင့် စစ်ဆေးရာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့တွင် ယမန်နေ့ ညနေပိုင်းက ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ကိုဗစ်-၁၉ ရောဂါပိုး တွေ့လူနာများမှာ အသက်(၆၈)နှစ် အမျိုးသားနှင့် အသက်(၆၅)နှစ် အမျိုးသမီးတို့ဖြစ်ပြီး နှင်းဆီသုခ စေတနာလူမှုကူညီရေးအသင်း Alphard မော်တော်ယာဉ်ဖြင့် မန္တလေးမြို့မှ ပြန်လာကာ ဇန်နဝါရီ ၂ ရက်နေ့တွင် RDT ဖြင့်စစ်ဆေးရာမှ ကိုဗစ်-၁၉ ရောဂါပိုး တွေ့အတည်ပြုခဲ့ကြောင်း သိရသည်။

အဆိုပါပိုးတွေ့လူနာများသည် ထန်တလန်မြို့ အမှတ်(၁)ရပ်ကွက်တွင် နေထိုင်သူများဖြစ်ပြီး မြို့နယ်ပြည်သူ့ဆေးရုံတွင်‌ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)