တပ်ကုန်း ဒီဇင်ဘာ ၂၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် ကုသရေးဦးစီးဌာနမှ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်က မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာလာရောက်ထုတ်ကြသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်ပေးခဲ့သည်။
အဆိုပါကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွင် တပ်ကုန်းခုတင် ၁ဝဝ ဆံ့ ပြည်သူ့ဆေးရုံအုပ် ဒေါက်တာညွန့်ရွှေအောင်ကြီးကြပ်၍ အထူးကုဆရာဝန်များ၊ အထွေထွေဆရာဝန်၊ ကျန်းမာရေး ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများက မြန်မာ့စီပွားရေးဘဏ်သို့ ပင်စင်လစာများလာရောက်ထုတ်ယူကြသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား စာရင်းမှတ်တမ်းရေးသွင်းခြင်း၊ သွေးပေါင်ချိန်ခြင်း၊ ဆီးချို၊ သွေးချိုရောဂါစစ်ဆေးပေးခြင်း၊ ဆေးပညာအပါဝင် ခွဲစိတ်၊ သားဖွားမီးယပ်၊ အရိုး၊ သွားရောဂါဖြစ်သည့် စုစုပေါင်းအငြိမ်းစားဝန်ထမ်း ၁၀၄ ဦးကို စစ်ဆေးကုသဆောင်ရွက်ခဲ့ပြီးနောက် ရောဂါဝေဒနာအလိုက် ဆေးဝါးများပေးအပ်ကာ ကျန်းမာရေး အခမဲ့စောင့်ရှောက်ပေးခဲ့ကြောင်း မြို့နယ်ကုသရေးဦးစီးဌာနမှ သိရသည်။
တင်စိုးလွင်