မိတ္ထီလာတက္ကသိုလ်၌ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

မိတ္ထီလာ ဒီဇင်ဘာ ၂၃

မိတ္ထီလာတက္ကသိုလ်၌ ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံအမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက အဆိုပါတက္ကသိုလ်အားကစားခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါဖွင့်ပွဲအခမ်းအနားတွင် ဦးစွာ မိတ္ထီလာတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာဘဟန်က အဖွင့်မှာစကား ပြောကြားသည်။

ထို့နောက် ပြိုင်ပွဲအဖွင့်ပွဲစဉ်အဖြစ် အရှေ့တိုင်းပညာအသင်းနှင့် ရုက္ခဗေဒအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပါမောက္ခချုပ်ဒေါက်တာဘဟန်၊ ဒုတိယပါမောက္ခချုပ်ဒေါက်တာကျော်လင်း၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ကျောင်းသားများက ကြည့်ရှုအားပေးကြသည်။

အဆိုပါပြိုင်ပွဲကို ဒီဇင်ဘာလ၂၃ ရက်နေ့မှ ၂၉ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲတွင် အုပ်စု (က) မြန်မာစာ၊ ဓာတုဗေဒ၊ အုပ်စု (ခ) သတ္တဗေဒ၊ အရှေ့တိုင်းပညာ၊ ရုက္ခဗေဒ၊ အုပ်စု (ဂ) ရူပဗေဒ၊ ပထဝီဝင်၊ ဥပဒေပညာ၊ အုပ်စု (ဃ) ဘူမိဗေဒ၊ သင်္ချာနှင့် အင်္ဂလိပ်စာ စုစုပေါင်းပြိုင်ပွဲဝင်အသင်း ၁၁ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။ 

ချမ်းသာ